မနက်ခင်းတိုင်း အိပ်မက်ဆိုးနဲ့နိုးထလာခဲ့ရ
နံရံထက်က နားကြည်းမှုတွေ စိုက်ကြည့်ရင်း
မှန်ထဲက ငါ့ မျက်နှာမှာ သွေးတွေနဲ့
အမှန်တရားရဲ့နတ်သမီးဟာ အရည်ပျော်လို့
နတ်ဆိုးဟာ နိုးထလာခဲ့ပြီ။
အိပ်ရာပေါ်လူးလိမ့်ရင်း
နိုးစက်က မနက်မနက်တိုင်း
အနုနည်းနဲ့ ငတုံး ငတုံးလို့ထထမြည်တယ်
နည်းလမ်းနဲ့အရသာဟာ
ဆံပင်ရှည်ထားရမလား စဉ်းစားလို့နေခဲ့
ထူးခြားမှုကတော့ မျက်လုံးမှာ ပါဝါအပြည့်နဲ့
မှုမမှန်မှုတွေ ငါက အလိုလိုသိနေတယ်။
နာကြင်စေခဲ့ရတဲ့ အတိတ်တွေနဲ့
ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ရင်း
သစ်ကုလားအုပ်တွေလို
သဲထဲခေါင်းထိုးပြီး ပုန်းနေလိုက်တယ်
သိတယ် မဟုတ်လား
ငါက အရမ်းကြောက်တတ်တာ။
သူလိုငါလို အသက်ရှင်ဖို့ရုန်းကန်ရင်း
တချို့က ရသင့်တာထက် ပိုရနေတယ်
တကယ်မရှိတဲ့ လူနေမှုအတန်းအစားထဲ
ဝင်ဖို့ ရုန်းကန်ရင်း ရသင့်တာထက် ပိုယူနေကြ။
မှတ်မိယုံလေး ကျန်တော့တဲ့အထိ
ငါတို့က ဘာမှမဟုတ်ဘူးဆိုတာ
ဆုံးဖြတ်ခံလိုက်ရတဲ့အထိ
ငါတို့က တကယ်အရေးပါရဲ့လား။
ဆက်တိုက် ဆက်တိုက် ကန်ရင်း
အိပ်မက်ဆိုးနဲ့ မနက်ခင်းကို ပြန်ရောက်လာခဲ့။
မျက်နှာပေါ်က သွေးတွေမခြောက်သေးဘူး
နံရံပေါ်က နာကြည်းမှုတွေ စိုက်ကြည့်ရင်း
မကျေနပ်တာတွေ တူတစ်လက်ထဲထည့်ပြီး ထုပစ်လိုက်တယ်။
တစ်စချင်း ဖျက်ဆီးလို့
သူဟာ အမှောင်ထဲမှာ
သူပြောတယ် ငါ ပြောတယ်
ဒါနဲ့
ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းလို့ ယုံကြည်နေကြတုန်းပဲ။
အထီးကျန်မှုတွေက ကြည်လင်တဲ့မှန်ကို ဖြတ်သန်းပြီ
မြို့တစ်ခုလုံးရဲ့ မီးရောင်ထဲမှာ ၀ိုးတ၀ါးတိုးဝင်သွားတယ်။
သေမင်းဟာ ဟမ်ဘာကာထဲမှာ
ဓာတ်လှေကား စီးလို့ရောက်လာခဲ့
အချိန်မရတော့ဘူး မင်းဟာ သေရတော့မယ်။
ဖုံးကွယ်စရာမရှိရင်ထွက်လာခဲ့ပါ
ရှင်ကျန်ခဲ့သူတွေ ပြတင်းပေါက်မှ ၀င်လာခဲ့။
ငါ့ကိုထားခဲ့ပါ ငါ့ကိုထားခဲ့ပါ ဂါထာရွတ်ရင်း
ခံစားတတ်တာတွေများလာတယ်။
ဒါတွေဟာ ရယ်စရာတွေ ပြန်ရွတ်ပြယုံပေါ့။။
မောင်ဝေလွင်
၀၈.၁၂.၁၅
နိုးစက်က မနက်မနက်တိုင်း
အနုနည်းနဲ့ ငတုံး ငတုံးလို့ထထမြည်တယ်
နည်းလမ်းနဲ့အရသာဟာ
ဆံပင်ရှည်ထားရမလား စဉ်းစားလို့နေခဲ့
ထူးခြားမှုကတော့ မျက်လုံးမှာ ပါဝါအပြည့်နဲ့
မှုမမှန်မှုတွေ ငါက အလိုလိုသိနေတယ်။
နာကြင်စေခဲ့ရတဲ့ အတိတ်တွေနဲ့
ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ရင်း
သစ်ကုလားအုပ်တွေလို
သဲထဲခေါင်းထိုးပြီး ပုန်းနေလိုက်တယ်
သိတယ် မဟုတ်လား
ငါက အရမ်းကြောက်တတ်တာ။
သူလိုငါလို အသက်ရှင်ဖို့ရုန်းကန်ရင်း
တချို့က ရသင့်တာထက် ပိုရနေတယ်
တကယ်မရှိတဲ့ လူနေမှုအတန်းအစားထဲ
ဝင်ဖို့ ရုန်းကန်ရင်း ရသင့်တာထက် ပိုယူနေကြ။
မှတ်မိယုံလေး ကျန်တော့တဲ့အထိ
ငါတို့က ဘာမှမဟုတ်ဘူးဆိုတာ
ဆုံးဖြတ်ခံလိုက်ရတဲ့အထိ
ငါတို့က တကယ်အရေးပါရဲ့လား။
ဆက်တိုက် ဆက်တိုက် ကန်ရင်း
အိပ်မက်ဆိုးနဲ့ မနက်ခင်းကို ပြန်ရောက်လာခဲ့။
မျက်နှာပေါ်က သွေးတွေမခြောက်သေးဘူး
နံရံပေါ်က နာကြည်းမှုတွေ စိုက်ကြည့်ရင်း
မကျေနပ်တာတွေ တူတစ်လက်ထဲထည့်ပြီး ထုပစ်လိုက်တယ်။
တစ်စချင်း ဖျက်ဆီးလို့
သူဟာ အမှောင်ထဲမှာ
သူပြောတယ် ငါ ပြောတယ်
ဒါနဲ့
ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းလို့ ယုံကြည်နေကြတုန်းပဲ။
အထီးကျန်မှုတွေက ကြည်လင်တဲ့မှန်ကို ဖြတ်သန်းပြီ
မြို့တစ်ခုလုံးရဲ့ မီးရောင်ထဲမှာ ၀ိုးတ၀ါးတိုးဝင်သွားတယ်။
သေမင်းဟာ ဟမ်ဘာကာထဲမှာ
ဓာတ်လှေကား စီးလို့ရောက်လာခဲ့
အချိန်မရတော့ဘူး မင်းဟာ သေရတော့မယ်။
ဖုံးကွယ်စရာမရှိရင်ထွက်လာခဲ့ပါ
ရှင်ကျန်ခဲ့သူတွေ ပြတင်းပေါက်မှ ၀င်လာခဲ့။
ငါ့ကိုထားခဲ့ပါ ငါ့ကိုထားခဲ့ပါ ဂါထာရွတ်ရင်း
ခံစားတတ်တာတွေများလာတယ်။
ဒါတွေဟာ ရယ်စရာတွေ ပြန်ရွတ်ပြယုံပေါ့။။
မောင်ဝေလွင်
၀၈.၁၂.၁၅
No comments:
Post a Comment