Wednesday, 14 July 2010

အလင်းဖျော့ဖျော့ထဲကအတိတ်

ဖရောင်းတိုင်အလင်းနဲ့
စိတ်ကူးတို့ ရွက်လွင့်ရင်း
မိုးတဖွဲဖွဲကျသံ နားထောင်ရင်း
အတိတ် ပစ္စုပ္ပန် အနာဂတ်
ကြည်နူးဆွတ်ပျံမူ
အလိုမကျမူ
မရေရာ မသေချာမူ
ချိန်ထိုးစဉ်းစားရင်း
ကိုယ့်ကိုကိုယ်သုံးသပ်ရင်း
ပျှော်ရွှင်မူပါးပါးနဲ့
အတိတ်အကြောင်းပြန်တူးဖော်ရင်း
မကျေနပ်မူ့များများနဲ့
ပစ္စုပ္ပန်အကြောင်း သုံးသပ်ရင်း
အိပ်မက်အကျိုးအပဲ့ တစ်ပိုင်းတစ်စနဲ့
အနာဂတ်အကြောင်း တွေးတောရင်း
ညတွေ မနက်ဖြစ်သွားခဲ့ဖူးတယ်။


ဟိုက်ဒရိုဂျင်တစ်ဆ ကာဗွန်နှစ်ဆနဲ့
မှုန်ပျပျအလင်းတချို့တော့
လင်းခဲ့ဖူးတယ်………….


မောင်ဝေလွင်
၃.၈.၂၀၀၆

No comments:

Post a Comment