ကိုယ့်ဘ၀ရဲ့ ဖြတ်သန်းမှုမှာ
ကဲ့ရဲ့သူ မဲ့ရွဲ့သူတွေကြောင့်
ကိုယ့်ဘ၀က ရင့်ကျက်မှုတွေအဆင့်မြင့်ခဲ့ပြီ။
ချောရေ့
ကိုယ်က ရောင်ဖျော့နေတဲ့ နာကျင်မှုတွေ
ပွေးပိုက်ခဲ့ရတာ ကြာခဲ့ရောပေါ့။
ဒီနှစ် ကိုယ့်အတွက်ပိတောက်တွေ
မပွင့်ခဲ့ဘူးနော်။
ချောရေ့
မင်းပေးတဲ့ မွေးနေ့လက်ဆောင်
ကိုယ့်နာမည်ရေးထွင်းထားတဲ့
သစ်သားပြားတစ်ချပ်ကိုပဲ
ကိုယ် တယုတယသိမ်းထားခဲ့တယ်။
ချောရေ့
တကယ်လို့ ကိုယ်သေခဲ့ရင်
မင်း မငိုပါနဲ့
ကောင်းကင်ကို မော်ကြည့်
ပြီးတော့
ကိုယ့်ကို နှုတ်ဆက်လိုက်ပါ ချောရေ့
ကြယ်တွေကိုချစ်တဲ့မင်း
ကိုယ်သေလွန်ခဲ့ရင်
တဖွဲဖွဲကြွေပေးပါမယ့်ကွယ်။
အရှင်လတ်လတ် ကိုယ့် ရင်ခုန်သံလေးတော့
မင်းကို ပေးထားခဲ့ပါရစေ။
ကိုယ့်သေရင် ကဗျာတစ်ပုဒ်နဲ့
ရေစက်ချ အမျှတန်ဝေပေးပါ။
မောင်ဝေလွင်
၂၅.၀၄.၁၅
ကိုယ်က ရောင်ဖျော့နေတဲ့ နာကျင်မှုတွေ
ပွေးပိုက်ခဲ့ရတာ ကြာခဲ့ရောပေါ့။
ဒီနှစ် ကိုယ့်အတွက်ပိတောက်တွေ
မပွင့်ခဲ့ဘူးနော်။
ချောရေ့
မင်းပေးတဲ့ မွေးနေ့လက်ဆောင်
ကိုယ့်နာမည်ရေးထွင်းထားတဲ့
သစ်သားပြားတစ်ချပ်ကိုပဲ
ကိုယ် တယုတယသိမ်းထားခဲ့တယ်။
ချောရေ့
တကယ်လို့ ကိုယ်သေခဲ့ရင်
မင်း မငိုပါနဲ့
ကောင်းကင်ကို မော်ကြည့်
ပြီးတော့
ကိုယ့်ကို နှုတ်ဆက်လိုက်ပါ ချောရေ့
ကြယ်တွေကိုချစ်တဲ့မင်း
ကိုယ်သေလွန်ခဲ့ရင်
တဖွဲဖွဲကြွေပေးပါမယ့်ကွယ်။
အရှင်လတ်လတ် ကိုယ့် ရင်ခုန်သံလေးတော့
မင်းကို ပေးထားခဲ့ပါရစေ။
ကိုယ့်သေရင် ကဗျာတစ်ပုဒ်နဲ့
ရေစက်ချ အမျှတန်ဝေပေးပါ။
မောင်ဝေလွင်
၂၅.၀၄.၁၅
No comments:
Post a Comment