နန္ဒာသိန်းဇံရဲ့ ခရောင်းလမ်းကို ငါ ဖြတ်သန်းခဲ့တယ်။
ဖေမြင့်ရဲ့ ဘေဘီလုံးမြို့ကို ငါ ဖြတ်သန်းခဲ့တယ်။
ပါချန်မြစ်ကို ငါ ဖြတ်သန်းခဲ့တယ်။
အခု ငါက အရှေ့ဘက်ပင်လယ်မှာ
စားပွဲထိုး တစ်ယောက်အဖြစ် ရှင်သန်ရင်း
လူမှုဆက်ဆံရေး အနုပညာကို သင်ယူခဲ့တယ်။
စားပွဲထိုးဆိုတာ အနုပညာရှင်ပဲတဲ့။
ဆွန်ဇူးရဲ့စစ်ပညာကျမ်း နှင့် ငါဖြတ်သန်းခဲ့တယ်။
မယာများတဲ့လောကမှာ စစ်ပညာကျမ်းကိုထုတ်သုံး
အကွက်ရွေ့နေတဲ့သူတွေထက်
စစ်တုရင်ခုံပေါ်က ကစားကွက်တစ်ကွက်လို
အကွက်ပိုကျော်ခဲ့တယ်။
ဘာဖြစ်ပဲဖြစ်ဖြစ် ဘ၀မှာ
ကဗျာတစ်ပုဒ်လောက်တော့
မှော်ပေါက်ချင်သေးတယ်။
ဝတ္တုတစ်အုပ်လောက်တော့
ဂန္တ၀င်ဆန်ချင်သေးတယ်။
နွားနို့မသောက်နိုင်တဲ့
ကဗျာဆရာတစ်ယောက်အတွက်
အရိုးသန်မာမှုဆိုတာ
လျှောက်လဲချေပစရာ ကျမ်းကိုးကျမ်းကားမရှိခဲ့ဘူး။
ထမင်းတစ်နပ်လျှော့စားရုံနဲ့
တိုက်ဆောက်ကားစီးဖို့မဖြစ်နိုင်တော့
သမိုင်းဝင်ပြက်လုံးတွေကို
ဝမ်းတွင်းထဲ ရယ်မောရင်း
ပျော်ရွှင်ဖွယ်ဇာတ်သိမ်းဆိုတာ
စာအုပ်တစ်အုပ်ဖတ်ယုံနဲ့ ရနိုင်မယ်လို့ထင်နေကြတယ်။
ကဗျာဆရာဆိုတာ
တစ်ခါတစ်လေတော့လည်း
မျက်ရည်နဲ့ကဗျာဖွဲ့ရတယ်။
ထူးချွန်အောင်မြင်ခဲ့ကြောင်း
စာရွက်စာတမ်းမရှိတော့
ငါ ထွက်ခွာလာတဲ့
အနောက်အရပ်ကိုပဲ မျှော်ရင်း
လာရာလမ်းအတိုင်း ပြန်လှည့်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
တစ်နေ့နှစ်ထောင်နှင့် သုံးမလောက်တဲ့
ဒီနေ့ ဒီအချိန် ဒီခေတ် ဒီမြို့ကြီးထဲမှာ
ကန်ဇွန်းပလိန်းတစ်ပွဲလောက်တောင် နပ်မမှန်တော့ဘူး။
ငြိမ်းချမ်းရေးစကားသံတွေထက်
ဗုံးကျသံတွေ ပိုကျယ်လောင်လာတယ်။
ခေတ်တစ်ခေတ်ရဲ့
သွေးလေချောက်ခြားမှုကို
သွေးဆေးတစ်ပုလင်းနဲ့ ကုစားလို့မရနိုင်ခဲ့တာ
သူတို့သိဖို့ကောင်းတယ်။
တစ်နေ့တစ်နေ့
ပစ်လိုက်တဲ့ လေသေနတ်တွေ
ဖမ်းလိုကဖမ်း သွန်လိုကသွန်
ခေတ်တခေတ်ရဲ့ ကျွန်တွေလို
ဒီလူငယ်တွေ ဖြတ်သန်းခဲ့ကြရတယ်။
ကားတစ်စင်းရဲ့ အအေးခန်းထဲမှာ သေကြတယ်။
တောထဲတောင်ထဲမှာ သေကြတယ်။
ကာကွယ်ဖို့မိုးအုပ်ထားတဲ့ သေနတ်အောက်မှာ သေကြတယ်။
သယံဇာတတွေ ကုန်မှ ကျိန်စာပျယ်လိမ့်မယ်တဲ့။
ဒါက ခင်ဗျာတို့သမိုင်းကိုး
ဆက်ရိုင်းချင်ရိုင်းကြ
နေဖို့အတွက်သေ သေဖို့အတွက်နေ
ရှင်သန်ပြရတာက မလွယ်တော့ဘူး။
နောက်ဆုံးတစ်ခွန်း ထပ်ပြောမယ်
ဒီပျက်လုံးတွေ နားခါးလွန်းတယ်။
ဘောင်ခတ်ခံထားရတဲ့ သူတွေအတွက်တော့
ကဗျာဆရာတစ်ယောက်ကို
အစာမကြေတဲ့မျက်လုံးတွေနဲ
ကားစင်တင်ဖို့ကြိုးစားကြလိမ့်မယ်။
ငါ မမှုပါဘူး။
ပလိုင်းပေါက်နဲ့ ကဗျာကောက်နေတဲ့
ငါ့ဘ၀အတွက်တော့
ဘ၀ဆိုတာ ရသေ့စိတ်ဖြေနဲ့ နိဂုံးချုပ်ရစမြဲပဲ
မောင်ဝေလွင်
၎.၁.၁၅
ဖေမြင့်ရဲ့ ဘေဘီလုံးမြို့ကို ငါ ဖြတ်သန်းခဲ့တယ်။
ပါချန်မြစ်ကို ငါ ဖြတ်သန်းခဲ့တယ်။
အခု ငါက အရှေ့ဘက်ပင်လယ်မှာ
စားပွဲထိုး တစ်ယောက်အဖြစ် ရှင်သန်ရင်း
လူမှုဆက်ဆံရေး အနုပညာကို သင်ယူခဲ့တယ်။
စားပွဲထိုးဆိုတာ အနုပညာရှင်ပဲတဲ့။
ဆွန်ဇူးရဲ့စစ်ပညာကျမ်း နှင့် ငါဖြတ်သန်းခဲ့တယ်။
မယာများတဲ့လောကမှာ စစ်ပညာကျမ်းကိုထုတ်သုံး
အကွက်ရွေ့နေတဲ့သူတွေထက်
စစ်တုရင်ခုံပေါ်က ကစားကွက်တစ်ကွက်လို
အကွက်ပိုကျော်ခဲ့တယ်။
ဘာဖြစ်ပဲဖြစ်ဖြစ် ဘ၀မှာ
ကဗျာတစ်ပုဒ်လောက်တော့
မှော်ပေါက်ချင်သေးတယ်။
ဝတ္တုတစ်အုပ်လောက်တော့
ဂန္တ၀င်ဆန်ချင်သေးတယ်။
နွားနို့မသောက်နိုင်တဲ့
ကဗျာဆရာတစ်ယောက်အတွက်
အရိုးသန်မာမှုဆိုတာ
လျှောက်လဲချေပစရာ ကျမ်းကိုးကျမ်းကားမရှိခဲ့ဘူး။
ထမင်းတစ်နပ်လျှော့စားရုံနဲ့
တိုက်ဆောက်ကားစီးဖို့မဖြစ်နိုင်တော့
သမိုင်းဝင်ပြက်လုံးတွေကို
ဝမ်းတွင်းထဲ ရယ်မောရင်း
ပျော်ရွှင်ဖွယ်ဇာတ်သိမ်းဆိုတာ
စာအုပ်တစ်အုပ်ဖတ်ယုံနဲ့ ရနိုင်မယ်လို့ထင်နေကြတယ်။
ကဗျာဆရာဆိုတာ
တစ်ခါတစ်လေတော့လည်း
မျက်ရည်နဲ့ကဗျာဖွဲ့ရတယ်။
ထူးချွန်အောင်မြင်ခဲ့ကြောင်း
စာရွက်စာတမ်းမရှိတော့
ငါ ထွက်ခွာလာတဲ့
အနောက်အရပ်ကိုပဲ မျှော်ရင်း
လာရာလမ်းအတိုင်း ပြန်လှည့်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
တစ်နေ့နှစ်ထောင်နှင့် သုံးမလောက်တဲ့
ဒီနေ့ ဒီအချိန် ဒီခေတ် ဒီမြို့ကြီးထဲမှာ
ကန်ဇွန်းပလိန်းတစ်ပွဲလောက်တောင် နပ်မမှန်တော့ဘူး။
ငြိမ်းချမ်းရေးစကားသံတွေထက်
ဗုံးကျသံတွေ ပိုကျယ်လောင်လာတယ်။
ခေတ်တစ်ခေတ်ရဲ့
သွေးလေချောက်ခြားမှုကို
သွေးဆေးတစ်ပုလင်းနဲ့ ကုစားလို့မရနိုင်ခဲ့တာ
သူတို့သိဖို့ကောင်းတယ်။
တစ်နေ့တစ်နေ့
ပစ်လိုက်တဲ့ လေသေနတ်တွေ
ဖမ်းလိုကဖမ်း သွန်လိုကသွန်
ခေတ်တခေတ်ရဲ့ ကျွန်တွေလို
ဒီလူငယ်တွေ ဖြတ်သန်းခဲ့ကြရတယ်။
ကားတစ်စင်းရဲ့ အအေးခန်းထဲမှာ သေကြတယ်။
တောထဲတောင်ထဲမှာ သေကြတယ်။
ကာကွယ်ဖို့မိုးအုပ်ထားတဲ့ သေနတ်အောက်မှာ သေကြတယ်။
သယံဇာတတွေ ကုန်မှ ကျိန်စာပျယ်လိမ့်မယ်တဲ့။
ဒါက ခင်ဗျာတို့သမိုင်းကိုး
ဆက်ရိုင်းချင်ရိုင်းကြ
နေဖို့အတွက်သေ သေဖို့အတွက်နေ
ရှင်သန်ပြရတာက မလွယ်တော့ဘူး။
နောက်ဆုံးတစ်ခွန်း ထပ်ပြောမယ်
ဒီပျက်လုံးတွေ နားခါးလွန်းတယ်။
ဘောင်ခတ်ခံထားရတဲ့ သူတွေအတွက်တော့
ကဗျာဆရာတစ်ယောက်ကို
အစာမကြေတဲ့မျက်လုံးတွေနဲ
ကားစင်တင်ဖို့ကြိုးစားကြလိမ့်မယ်။
ငါ မမှုပါဘူး။
ပလိုင်းပေါက်နဲ့ ကဗျာကောက်နေတဲ့
ငါ့ဘ၀အတွက်တော့
ဘ၀ဆိုတာ ရသေ့စိတ်ဖြေနဲ့ နိဂုံးချုပ်ရစမြဲပဲ
မောင်ဝေလွင်
၎.၁.၁၅
No comments:
Post a Comment