တစ်ယောက်နေအိမ် တစ်ယောက်ကြည့်လို့
ကျိုးပဲ့ပျက်ရာစီး အများအပြားအကြား
ရုန်းကန်ပြိုလဲခြင်းနှင့်ပြိုကျ
ငါတို့ ပိုင်တဲ့မြေဟာ နိုင်ငံတော်သီချင်းထဲမှာ
စိုစွတ်နေတဲ့ အအေးဓာတ်ထဲ
ပူနွေးလာတဲ့ မျက်ရည်စီးချောင်းတွေနဲ့
ငါတို့ ပိုင်တဲ့မြေဟာ နိုင်ငံတော်သီချင်းထဲမှာ
မိသားစုသစ်ပင်တွေ အိုးမဲ့အိမ်မဲ့
မိသားစုအကိုင်းအခက်တွေ ခိုကိုးရာမဲ့

ငါတို့ အိုးအိမ်

တရားမျှတလွတ်လပ်ခြင်းနဲ့

မျှော်လင့်ရာခွန်းအားတွေနဲ့

နိုင်ငံသားတွေနဲ့

ငါတို့ ရွတ်ဆိုလို့ ဘယ်တော့မှမပြီးဆုံးသေး

...................................................
............................
..................
တွေ့ကြုံဆင်းရဲဒုက္ခတွေ မပြီးဆုံးသေး
ငါတို့ဟာ နိုင်ငံတော်ထဲမှာ။
မောင်ဝေလွင်
၂၈.၀၁.၂၀၁၆

No comments:
Post a Comment