Wednesday, 13 May 2015

စနစ်တကျပျိုးထာင်ခဲ့သော်လည်း‬


ပွင့်ချိန်တန်တော့လည်း မပွင့်ရဲ
သီးချိန်တန်တော့လည်း မသီးရဲ
ဘ၀က ဖြစ်နေလိုက်ပုံများ
မချိုမချဉ်နဲ့
ဟုတ်ကဲ့ ....
ကျွန်တော့် ရာသီဥတု
ဖောက်ပြန်ခဲ့တာ ကြာပြီလေ။


ကိုယ့်ကုတင်ကိုယ်
ရွှေနန်းလို့ မထင်ရဲလောက်အောင်
ဖောက်ပြန်ခဲ့တာပဲ။

ဟုတ်ကဲ့
ကျွန်တော်အဆင်ပြေအောင်နေခဲ့ပါတယ်။
အချိန်နဲ့အိပ် အချိန်နဲ့စား
ဒါတွေဟာ
ကျွန်တော့် ခေါင်းပေါ်က
စွန့်ပစ် ပစ္စည်းတွေပါ။

အိပ်ချင်မှုးတူး ခဏတာမြင်ကွင်းတွေက
ဆယ်စုနှစ်တစ်ခုစာ
ရာသီဥတု ချွတ်ယွင်းခဲ့လေတော့
အချိန်မှန်အိပ် အချိန်မှန်စားခဲ့တဲ့
ကျွန်တော့် အိတ်ကပ်ထဲ
ကဗျာတွေပဲ ပြစရာကျန်တယ်။

မာင်ဝေလွင်‬
၀၃.၀၅.၁၅
၀၁:၀၀ am

No comments:

Post a Comment